COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့တွင် (COVID-19) ရောဂါကူးစက်မှု ဒုတိယလှိုင်း ဒေသတွင်း မဖြစ်ပွား စေရေးအတွက် နမ့်လွတ်ကျေးရွာနှင့် ဝမ်ဆောက်ခုံကျေးရွာများတွင် (COVID-19) ကူးစက် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လည်းကောင်း၊ သဘာဝဘေးနှင့် ပတ်သတ် သည့် ဆောင်ရန် / ရှောင်ရန်များကို လည်းကောင်း Hand Speaker များဖြင့် အသိပညာပေး လှည့်လည်ဆော်သြခြင်းများ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် Mask များဖြန့်ဝေခြင်း၊ ဗီနိုင်း/ပိုစတာများ ကပ်ခြင်းလုပ်ငန်းတို့ကို ဆောက်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_sep2020

Sign Up

Upcoming Events