
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ ဆက်သွယ်ကျေးရွာအုပ်စု၊ အဘစ်ကျေးရွာတွင် မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စု အတွက်ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာ စုစုပေါင်းတန်ဖိုး (၃၇,၇၅၃) အားလည်းကောင်း၊ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ)ကျပ်၊ မီးဘေးသင့်လူဦးရေ (၄) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၈,၄၀ဝ) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၀၈,၄၀ဝ) ကျပ်အား (၇-၉-၂၀၂၀) ရက် (၁၆:၁၅) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_sep2020