လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်မှ နေ့လည် (၁၂:၃၀)အချိန်ထိ သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စုရှိ ဌက်ပျောတောကျေးရွာ၊ ရွာကြီးသစ် ကျေးရွာ၊ ကိုးကွေ့ကျေးရွာနှင့် သူဌေးကုန်းသစ်ကျေးရွာများ၌ Covid-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား လော်စပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_sep2020
Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)