COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၉-၂၀၂၀)နေ့တွင် ပု​လောမြို့နယ် ​ဇရပ်ဆိပ်​ကျေးရွာအုပ်စုမှ ရပ်​/ ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ နာရေးကူညီမှုအသင်း(ဇရပ်ဆိပ်) ပရဟိတအသင်းနှင့် ပူးပေါင်း၍  ​ဇရပ်ဆိပ်၊ မိန်းမမြို့၊ တပို၊ ကျောက်ကမ်းဖဲ​ကျေးရွာနှင့် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှု(ဒုတိယလှိုင်း) မဖြစ်ပွားစေရေး အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ​မြေပြိုဘေး၊ လေပြင်းဘေးနှင့် စပ်လျဉ်း၍ ဆောင်ရန်ရှောင်ရန် အသိပညာပေးခြင်းများအား ဆောင်ရွက်ပြီးခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#tny _sep2020

Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events