
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့ နေ့လည် (၁၂:၀၀) အချိန်တွင် ကျောက်မဲမြို့၊ တောင်နောက်ရပ်၊ မိုင်းတင်းကျေးရွာ၊ ကောင်းအက်ရွာတို့တွင် Covid-19 ကူးစက်ရောဂါဒုတိယလှိုင်းနှင့်ပတ်သက်သည့် လိုက်နာရမည့်အချက်များ အသိပညာပေး ပန်ကြားခြင်း၊ စနစ်တကျလက်ဆေးနည်းပါဝင်သည့်စာစောင်များ၊ သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020