လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၇-၉၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်မှ နေ့လည်(၁၃:၃၀)နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်းရှိ ကျွန်းကလေးကျေးရွာ၊ ခြံကုန်းကျေးရွာ၊ အုန်းတပင်ကျေးရွာ၊ ကော့ဝါလည်းကျေးရွာနှင့် မာလာကုန်းကျေးရွာတို့၌ Covid-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတက်သော သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် ပြည်သူလူထုအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn _sep2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)