လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀)ရက်နေ့၌ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု၊ ဂျောင်းတာကျေးရွာတွင် ဖြစ်ပွားသော လေဘေးမှ အမိုးလန်နေအိမ်(၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၁၀၀၀ဝိ/-)၊ လူဦးရေ (၃၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၉၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၇၉၃၀ဝိ/-)ကို (၇-၉-၂၀၂၀)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#bgo_sep2020

Source:                         ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events