လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံသရာအေးလူမှုအထောက်အကူပြုပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ (၇-၉-၂၀၂၀) ရက်နေ့တွင် စန္ဒဝတ်၊ ကျွဲကူး၊ ကျောက်ဖြူတောင်၊ ရွှေပေးနှင့် ကွမ်းသီးချောင်းကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါ(ဒုတိယလှိုင်း) မဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအား ဆောင်ရွက်ပြီး၊ Maskများအားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)