လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့တွင် ကျောက်မြောင်းမြို့နယ်၊ အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်၊ ရွှေဂွန်းကျေးရွာ၊ ရွှေတိုက်ကျေးရွာ၊ မလားကျေးရွာနှင် မခေါက်ကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)