Covid19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ဆက်ဌာန၊ ခရိုင်ကြက်ခြေနီ၊ မြို့နယ်ကြက်ခြေနီ၊ မြို့နယ်စည်ပင်ဌာန၊ မြို့နယ်တိကုဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မဈေးရှေ့နှင့် ဈေးအတွင်း၊ ယာယီလေဟာပြင်ဈေး၊ ဟိုနားရပ်ကွက်ရှိ ရိုးမတောင်တန်းကားဂိတ်တို့တွင် covid 19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်များ၊ ရပ်ကွက်နေပြည်သူတို့အား ကျန်းမာရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေးခြင်းတို့အား အသံချဲ့စက်အသုံးပြု၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး covid19အသိပညာပေးလက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ လက်‌ဆေးဆပ်ပြာများ၊ Maskများအား ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_sep2020

Source:                         မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events