လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့၊ ရပ်ကွက်(၇)၊ ရပ်ကွက်(၈) များအတွင်း Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း မပြန့်ပွားစေရေး လိုက်နာရမည့်အချက်များအား အသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းပါဝင်သည့်လက်ကမ်းစာစောင်များ၊ သဘာဝဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန် ရှောင်ရန်အချက်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)