မီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ မင်းရွာကျေးရွာ၊ ကန်ကျေးရွာ၊ မွှေ့လယ်ကျေးရွာ၊ နှမ်းခါးကျေးရွာနှင့် မြောက်ခင်ရန်းကျေးရွာများအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် ကျေးရွာ (၁) ရွာလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် ကျေးရွာ(၅)ရွာအတွက် စုစုပေါင်းငွေကျပ် (၂၅) သိန်းဖြင့် မီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၆-၉-၂၀၂၀) ရက်နေ့တွင် ကျေးရွာများသို့အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_sep2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events