Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter များတွင် လက်ဆေး ဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန် ထောက်ပံ့ငွေများ ပေးအပ်ပြီးစီးမှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၀) ရက်နေ့တွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter (၁) လုံးလျှင် လက်ဆေးဘေစင် (၃) ခု၊ ရေသိုလ်လှောင်ရုံကန်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် Shelter (၁) လုံးလျှင် ကျပ် (၁၅) သိန်းစီဖြင့် ဘိုကလေးမြို့နယ်တွင် Cyclone Shelter (၁၅) လုံးအတွက် (၂၂၅) သိန်းအား ဘိုကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးနှင့် ကျေးရွာကော်မတီ
အဖွဲ့ဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_sep2020

Sign Up

Upcoming Events