မေတ္တာဥယျာဉ်၊ ရှင်သာမဏေ ပြုစုပျိုးထောင်ရေးနှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ပရဟိတကျောင်းတွင် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်အတွက် သွပ်များလှူဒါန်းမှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်‌ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ မေတ္တာဥယျာဉ်၊ ရှင်သာမဏေ ပြုစုပျိုးထောင်ရေးနှင့်မိဘမဲ့ကလေးစောင့်ရှောက်ရေး ပရဟိတကျောင်းတွင် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်အတွက် MEC (7′ * 3′) သွပ် အချပ် (၄၀၀) အား (၆-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ရာ မေတ္တာဥယျာဉ် ကျောင်းတိုက်ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိမလ ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_otr
#bgo_sep2020

Sign Up

Upcoming Events