
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီတွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပန်တိမ်တောင်ရပ်ကွက်၊ ပန်တိမ်မြောက်ရပ်ကွက်၊ မြန်မာရပ်ကွက်တို့၌ Covid-19 ကူးစက်ရောဂါဒုတိယလှိုင်းနှင့်ပတ်သက်သည့် လိုက်နာရမည့် အချက်များ အသိပညာပေး ပန်ကြားခြင်း၊ စနစ်တကျလက်ဆေးနည်းပါဝင်သည့်စာစောင်များနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များပါသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020