
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျီးရိုးကျေးရွာ-မကျီးပင်ကျေးရွာချင်းဆက်လမ်း ပြုပြင်ရန်အတွက် ထောက်ပံ့ငွေကျပ် (၉၅) သိန်းနှင့် ကျောက်တံခါးမြို့နယ်၊ သံပုရာကုန်ကျေးရွာအုပ်စု၊ ရေအေးကျေးရွာရှိ ဆူးပုတ်မြောင်းတံတား (အလျား၂၅ပေ×အမြင့်၁၆ပေ×အကျယ်၁၃ပေ) တည်ဆောက်ရန် အတွက်ထောက်ပံ့ငွေ (၉,၉၂၅,၅၂၀) ကျပ်အား (၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်ပေးအပ်ခဲ့ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာမှတာဝန်ရှိသူများ နှင့်ရပ်မိရပ်ဖများက လက်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_otr
#bgo_sep2020