
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID_19 စီးပွားရေးကုစားမှုအစီအစဥ် (CERP) အရစားသောက်ကုန်များ ဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀၀) နှုန်းဖြင့် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်း (၁၇) ခုရှိ အိမ်ထောင်စု (၂၈၆၉)စု၊ လူဦးရေ(၁၁၄၄၂)ဦးအတွက် ထောက်ပံ့ငွေ(၁၁၄၇၆၀၀၀၀/-)ကျပ်အား (၃-၉-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖများရှေ့မှောက်တွင် တိုက်ပွဲရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_sep2020