
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သံမဏိရပ်ကွက်တွင် ဖြစ်ပွားသော မီးဘေးမှ မီးဘေးသင့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၄,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး အိမ်ထောင်စု (၂) စုစာတို့အား (၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သံမဏိရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#bgo_sep2020