Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၂၀) ရက်နေ့တွင် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ကွက်သစ်ရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊ ရွာမအနောက်ရပ်ကွက်၊ စဉ့်ငူရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နှင့် ဖော့ကန်ရပ်ကွက်များတွင် Covid_19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌ မပေါ်ပေါက် စေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များနှင့် မုန်တိုင်းဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင် များပါ အချက်အလက်များ သဘာဝဘေးအသိပညာပေးခြင်းများအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#ygn_sep2020

Sign Up

Upcoming Events