
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) (၅) ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံးရှိ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၅)ဦး၊ (၆) ရပ်ကွက်မူကြိုကျောင်းရှိ အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၈၇)ဦး စုစုပေါင်းအိမ်ထောင်စု(၉၄)စု၊ လူဦးရေ(၄၅၂)ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင် ဆပ်ပြာ(၁)တောင့်နှုင့်ဖြင့် စုစုပေါင်းထုံး (၂၀)အိတ်၊လက်ဆေးဆပ်ပြာ(၄၅၂)တောင့် ဖြင့်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ကွတ်ခိုင်မြို့နယ်စီးမှူးရုံး (ဘစမ)
#ar
#shn_sep2020