
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင် covid-19 ရောဂါ ကာကွယ်ရန် အကူအညီပေးရေးအဖွဲ့၊ ပင်လုံ covid19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ (၄-၉-၂၀၂၀)ရက်နေ့၊ (၉းဝဝ)နာရီမှ (၁၂းဝဝ) နာရီထိ ပင်လုံမြို့၊ အနာက်ပိုင်းရပ်ကွက်၊ နောင်ဟူးကျေးရွာ၊ ဟိုခိုက်ကျေးရွာနှင့် နောင့်လင့်ကျေးရွာတို့၌လည်းကောင်း၊ (၁၃းဝဝ)နာရီမှ (၁၆းဝဝ)နာရီအထိ ဝမ်အန်ကျေးရွာ၊ ဝမ်တုံကျေးရွာ၊ ဝမ်လုံကျေးရွာ၊ ဝမ်လဲင့်ကျေးရွာတို့၌ Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့်လှည့်လည်ဆော်သြကာ အသိအညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများကပ်ခြင်း၊ ဖြန့်ဝေခြင်း၊ ဗွီနှိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020