
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာ၊ အော်ကြီးကျေးရွာ၊ အောက်ကင်းကျေးရွာများတွင် covid-19 အသိပညာပေးခြင်း သဘာဝဘေးနှင့်ပတ်သက်သည့် မြေပြိုဘေး၊ မိုးကြိုးဘေး၊ ရေဘေး အသိပညာပေးခြင်းတို့ကို နံနက် (၀၇:၀၀) နာရီမှ (၁၂:၃၀) အချိန်ထိ မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ အရန်မီးသတ်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_sep2020