Covid-19 ကူးစက်ရောဂါနှင့် သဘဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာ၊ ကမ္မလိုင်းကျေးရွာ၊ ရှမ်းအင်းတော်ကျေးရွာ၊ ရေဖြူကျေးရွာများတွင် covid-19 အသိပညာပေးခြင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း သဘာဝဘေးနှင့်ပတ်သက်သည့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ အသိပညာပေးခြင်းတို့ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ နံနက် (၇:၀၀) မှ (၁၂:၀၀) အချိန်ထိ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_sep2020

Sign Up

Upcoming Events