ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေ၌ (၃-၉-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ၇ရက်စာရန်ပုံငွေ (၂၁၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၂၁၀၀၀/-) ကျပ်တိတိအား (၃-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_sep2020
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events