
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြပဒတ်ချောင်းကျေးရွာ၊ ကထီးဝကျေးရွာ၊ ကထီးကျေးရွာ၊ လောင်းမင်းဘကျေးရွာ၊ တောင်ဇင်းကျေးရွာ၊ ကျောက်ဖြူကျေးရွာနှင့် သဗြု ချောင်းကျေးရွာတို့တွင် လော်စပီကာ၊ Memory stick နှင့်Hand Speaker တို့ဖြင့် Covid-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက် ရမည့် အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြို ဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဝေငှခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_sep2020