လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ (၃-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၈:၃၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း(၁၂)ရွာတို့အား Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ(မိုးကြိုးဘေး၊ လေပြင်းဘေး၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)