
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အောင်ဇေယျရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်၊ ဗန္ဓုလရပ်ကွက်၊ မာဃရပ်ကွက်၊ မင်ရဲကျော်စွာရပ်ကွက်၊ အာသောကရပ်ကွက်၊ အာလ္လကပ္ပကျေးရွာ၊ ဝမ်းပြည့်ကျေးရွာ၊ ထီဆောင်းကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ အုန်းတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကံသာကျေးရွာ၊ နန္ဒဝင်ရပ်ကွက်၊ တောင်ဘော်ဂါရပ်ကွက်၊ ဒါးဝယ်ဈေးရပ်ကွက်၊ ဧမြဝတီရပ်ကွက်၊ တကောင်းရပ်ကွက်၊ နန်းဦးမြို့သစ်ရပ်ကွက်များတွင် covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_sep2020