လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ညောင်ပင်သာယာကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာတွင် (၂-၉-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀ဝ/-)၊ စုစုပေါင်းလူဦးရေ(၆)ဦးအတွက်(၇)ရက်စာ ရန်ပုံငွေ(၁၂၆၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၂၆၀ဝ/-) ကျပ်အား (၃-၉-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_sep2020
Source: ရေကြည်မြို့နယ်ဦးစီးမှူး (ဘစမ)