လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် အရာတော်မြို့အတွင်းရှိ ရပ်ကွက်များနှင့် အရာတော်မြို့နယ်၊ ကမ်းပြူအရှေ့ကျေးရွာ၊ ကမ်းပြူအနောက်ရွာ၊ ရဲချင်းရွာ၊ မကျီးကန်ရွာ၊ နောင်ကြီးအိုင်ရွာ၊ ရေယိုကျေးရွာ၊ မှော်တောကျေးရွာနှင့် သစ်ကျွန်းကြီးကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)