Covid-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ငပုတောမြို့နယ်ရှိ Cyclone Shelter (၂) လုံးအတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းများပါဝင်သည့်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် Covid-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် ငပုတောမြို့နယ်ရှိ Cyclone Shelter (၂) လုံးအတွက် လက်ဆေးဘေစင် (၃)ခု၊ ရေသိုလှောင်ကန်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် Shelter (၁)လုံးလျှင် ကျပ် (၁၅) သိန်းစီဖြင့် စုစုပေါင်းသိန်း (၃၀) ကျပ်တိတိအား ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_sep2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events