
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့ (၁၉:၀၀) ချိန်တွင် လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စုအတွင်းရှိ ပန်ခန်ကျေးရွာနှင့် နမ့်မော်စွန်ကျေးရွာတို့တွင် နေထိုင်သည့်ပြည်သူ အိမ်ထောင်စု (၉၀) စုမှ ကျား (၈၁) ဦး၊ မ (၁၃၇) ဦး၊ ပေါင်း (၂၁၈) ဦးတို့သည် တိုက်ပွဲဖြစ်မည့် သတင်းရရှိခြင်းအပေါ် စိုးရိမ်ထိတ်လန့်မှုဖြစ်ပြီး လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ မန်ဆူရှမ်းကျောင်းသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာခဲ့ကြရာတိုက်ပွဲရှောင်အိမ်ထောင်စု (၉၀) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၉၀) စုစာနှင့် လူဦးရေ (၂၁၈) ဦးအတွက် ဆန် (၇) ရက်စာဆန်ဖိုးငွေ (၄၅၇,၈၀၀) ကျပ်အား (၂-၉-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#shn_sep2020