ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဆူးတပ်ဆည်နှင့် နမောဆည်တို့မှ ရေလျှံမှုကြောင့် ရွှေဘိုမြို့နယ်၊ နမောကျေးရွာအုပ်စု၊ တဲကြီးကျေးရွာမှ ရေ၀င်နစ်မြှုပ်မှုများဖြစ်ပွားခဲ့သည့် အိမ်‌ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၃၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၉,၃၀ဝိ/-) ကျပ်၊ စုစုပေါင်း (၈၆၉,၃၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၈) အိမ်ထောင်စာတို့ကို (၂-၉-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#sgg_sep2020

Sign Up

Upcoming Events