
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဇလွန်မြို့တွင် (၁)ပေခွဲခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော် လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၃)ရက် အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက် လက်တည်ရှိနိုင်ပါသည်။
ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေ သည် သာပေါင်းမြို့တွင် ပေဝက်ခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော် လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
အကြံပြုချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သို့ဖြစ်ပါ၍ ဇလွန်မြို့နယ်နှင့် သာပေါင်းမြို့နယ်များအတွင်းရှိမြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြု အပ်ပါသည်။