Covid-19 ကူးစက်ရောဂါနှင့် မိူးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေး၊ လေပြင်းဘေး၊ ရေဘေးတိုနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၁ – ၉ – ၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီမှ (၂၀:၀၀) နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာပေါင်း (၂၁) ရွာတို့အား Covid-19ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ (မိုးကြိုးဘေး၊ လေပြင်းဘေး၊ ရေဘေး) ကိုကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_sep2020

Sign Up

Upcoming Events