လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁-၉-၂၀၂၀) ရက်နေ့တွင် ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ ဇေယျာချောင်ရပ်ကွက်၊ စက်ပန်းရပ်ကွက်၊ ကျန်တောရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ သဖန်းကိုင်းရပ်ကွက်၊ စေတီကုန်းရပ်ကွက်၊ မိဿလင်းကျေးရွာရှိ ပြည်သူများအား COVID-19ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_sep2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)