လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် မိုးမောက်နှစ်ခြင်း IDps စခန်းတွင် အိမ်ထောင်စု(၄၁၇)၊ လူဦးရေ(၂၀၀၃)ဦးနှင့် မိုးမောက် RC IDps စခန်းတွင် အိမ်ထောင်စု(၈၈)စု၊ လူဦးရေ(၄၁၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၅၀၅)ဦး၊ လူဦးရေ(၂၄၁၇)ဦးတို့အား စုစုပေါင်းထောက်ပံ့ငွေ (၂၀,၂၀၀,၀၀၀) ကျပ်တိတိ အား (၁-၉-၂၀၂၀) ရက်နေ့ (၁၅:၃၅) နာရီအချိန်တွင် IDps စခန်းနေ မိသားစုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#kcn_sep2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)