
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားအား (၂၁-၈-၂၀၂၀)ရက်နေ့တွင် Virtual Meeting အဖြစ် ကျင်းပဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ CERP အစီအစဉ်အရ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စေတီတောင်ရွာ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၆၂၄)စု၊ ခွဆုံရွာ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၃၁၀)စု၊ ဒုံးသိမ်ဓမ္မာရုံမှ အိမ်ထောင်စု(၁၁)စု၊ ရန်အောင်မြေ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၁၇၁)စု၊ လမ်းမ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၅၅၄)စု၊ ဂန္ဓာရီတောရပရဟိတ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၆၉)စု၊ မြတောင် ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၂၀၅)စု၊ မြောင်းနား တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု(၈၂)စု၊ အောင်ပ(ဘင်္ဂါလီ)ရွာမှ အိမ်ထောင်စု(၂၅)စု၊ စုစုပေါင်း ယာယီတိုက်ပွဲရှောင်စုရပ်(၉)ခုရှိ စုစုပေါင်း အိမ်ထောင်စု(၂၀၅၁)စုတို့အတွက် စားသောက်ကုန်(၅)မျိုးဝယ်ယူရန် ထောက်ပံ့ငွေစုစုပေါင်း (၈၂,၀၄၀,၀၀ဝိ/-)ကျပ်တို့ကို ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ခရိုင်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ပူးပေါင်း၍ (၁-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်းနှင့် စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် ကျောက်ဖြူခရိုင်များရှိ IDP နှင့် တိုက်ပွဲရှောင်အိမ်ထောင်စုများအားလည်း ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: MOSWRR