ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ မလွန်ကျေးရွာနှင့် မင်းလှမြို့ပေါ်တောင်ပိုင်းရပ်ကွက်တို့၌ (၂၇-၈-၂၀၂၀) ရက်နေ့နှင့် (၃၀-၈-၂၀၂၀) ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်(၅)လုံး ပြောင်းရွှေ့ခဲ့ရပြီး အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေစုစုပေါင်း(၂၁)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၄၁၀ဝိ/-) တိတိအား (၁-၉-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_sep2020
Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events