ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့မှ (၃၀-၈-၂၀၂၀) ရက်နေ့အထိ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၊ မင်းဘူးမြို့၊ အမှတ်(၁)ရက်ကွက်နှင့် ကျေးရွာ(၁၀)ရွာတို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်အိမ်ခြေ (၃၂၅)လုံး၊ အိမ်ထောင်စု(၃၂၅)စုတို့မှ လူဦးရေ(၁၁၀၁)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂,၃၁၂,၁၀၀/-)ကျပ် အား (၁-၉-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#mdy_sep2020

Sign Up

Upcoming Events