
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ရှိ နှစ်ခြင်း (IDPs) စခန်း၊ အိမ်ထောင်စု (၅၁) စုနှင့် ကက်သလစ် (IDPs)၊ အိမ်ထောင်စု (၃၅)စု အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စားသောက်ကုန်(၅) မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၈၆) စုတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ (၃,၄၄၀,၀၀ဝိ/-) ကျပ်အား စခန်းရှိပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kcn_sep2020