Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၄၅)စု၊ လူဦးရေ (၂၄၄) ဦးတို့အတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် (၁)အိမ်ထောင်လျှင်(၄၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁,၈၀၀,၀၀ဝိ/-)အား (၃၁-၈-၂၀၂၀) ရက်နေ့ (၁၂:၃၀) အချိန်တွင် ဆဒုံးမြို့အထွေထွေအုပ်ရေးဦးစီးဌာန(ခန်းမ)၌ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_sep2020

Sign Up

Upcoming Events