လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၂၀)ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ IDPs (Camp)စခန်း(၆) ခုမှ တိုက်ပွဲရှောင်ပြည်သူများသို့ (Covid-19)ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အသုံးပြုရန်အတွက် စခန်း(၁)ခုလျှင် ထုံးအိတ်(၁၀) အိတ်နှုန်းဖြင့် ထုံးအိတ်(၆၀)အိတ်နှင့် (၁)ဦးလျှင် ဆပ်ပြာခဲ(၄)ခုပါ (၁)တောင့်နှုန်းဖြင့် လူဦးရေ(၁၈၈၆)ဦးအတွက် ဆပ်ပြာတောင့်(၁၈၈၆)တောင့်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2020
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)