
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်၌ အိမ်ထောင်စု(၅၇)၊ လူဦးရေ(၂၆၃)၊ နမ့်ဖက်ကာနယ်မြေ (၄) အတွင်းရှိ အိမ်ထောင်(၃၉)၊ လူဦးရေ(၁၂၂)၊ စုစုပေါင်းအိမ်ထောင်စု(၉၆)၊ လူဦးရေ(၃၈၅) ဦးအတွက် စခန်းတစ်ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၂)ခဲ နှုန်းဖြင့် စုစုပေါင်းထုံး (၂၀) အိတ်၊ လက်ဆေးဆပ်ပြာ(၇၇၀)ခဲတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020