လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ ဂျို့ချောင်းကျေးရွာအုပ်စု၊ လှေတော်ခုံကျေးရွာတွင် ဖြစ်ပွားသော လေဘေးမှ သစ်ပင်ပိအမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၀,၅၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀,၅၀ဝိ/-) ကျပ် အား (၃၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_sep2020

Sign Up

Upcoming Events