
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် မြင်းခဲမြို့နယ်အတွင်းရှိ ကန်ချောကျေးရွာ၊ နှပ်ချိုတောကျေးရွာ၊ ဂွေးချို ကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ မြေစကောင်းကျေးရွာ၊ ဆုံကျေးရွာ၊ ချောင်းဦးကျေးရွာ၊ ပျော့ကျေးရွာ၊ ဘုံကျေးရွာ၊ မြင်သာကျေးရွာ၊ ရွှေဘုံသာကျေးရွာ၊ သင်ပြွန်းကျေးရွာ၊ ခင်မကန် ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ တဲကျေးရွာများသို့ လှည့်လည်ပြီး Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဝေငှခြင်းနှင့် ပိုစတာပေးအပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mdy_sep2020