Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ  ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့တွင်  ​ မြင်း​ခြံမြို့နယ်အတွင်းရှိ အမှတ် (၆၊၁၀၊၁၁၊၁၂၊၁၄) နှင့် နဘူးအိုင်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာ၊ ရွှေဘော်ကျွန်းကျေးရွာ၊ ကုက္ကဲရွာသစ်ကျေးရွာ၊ ကတက်ပင်ကျေးရွာ၊ သညစ်တန်ကျေးရွာ၊ ရွာသာယာကျေးရွာ၊ မကျီးစုကျေးရွာများသို့ လှည့်လည်ပြီး Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များကို ကြိုတင်​​ပြင်ဆင်​ရေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေး နှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်​​​ဝေငှ​ခြင်းနှင့် ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#mdy_sep2020

Sign Up

Upcoming Events