လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊‌အရှေ့ဓမ္မင်းကျွန်းကျေးရွာတွင် (၂၈-၈-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေဝါးအိမ်(၁)လုံး ပြိုလဲပျက်စီးမှုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ၄င်းအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၆) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂,၆၀၀/-) ကျပ်၊ ကယ်ဆယ်‌ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ တန်ဖိုး(၃၄၇၅၃ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၁၄၇,၃၅၃ိ/-) ကျပ်အား (၃၁-၈- ၂၀၂၀)ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင်‌ တာ၀န်ရှိသူများနှင့်အတူ‌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_sep2020

Sign Up

Upcoming Events