ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀)ရက်နေ့တွင် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ရှိ IDPs စခန်း(၃)ခုမှ စုစုပေါင်းအိမ်ထောင်စု (၃၈) စုတို့အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စားသောက်ကုန်(၅) မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁,၅၂၀,၀၀ဝ/-)ကျပ်အား စခန်းရှိပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#kcn_aug2020

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events