Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့တွင် ရန်ကုန်‌အရှေ့ပိုင်းခရိုင်၊ ‌ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၂၈)ရပ်ကွက်၊ အမှတ် (၂၉) ရပ်ကွက်၊ အမှတ် (၃၀) ရပ်ကွက်၊ အမှတ် (၄၀) ရပ်ကွက်၊ အမှတ် (၄၁) တိုးချဲ့ ရပ်ကွက်၊ အမှတ်(၄၃) ရပ်ကွက်များတွင် Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌မပေါ်ပေါက် စေရေးနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြား ချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့် စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက် များ ၊သဘာဝဘေးအသိပညာပေးခြင်းများအား ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ar
#ygn_aug2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events