COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)အချိန်မှ (၁၅:၃၀) အချိန်ထိ ခုံကြီးကျေးရွာအုပ်စုအတွင်းရှိ ကျောက်တန်း ကျေးရွာ၊ မြောင်းကုန်းကျေးရွာ၊ ရေစိုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ခုံကြီးကျေးရွာ၊ ပါဟဲ(မ) ကျေးရွာ၊ ပါဟဲ(တ)ကျေးရွာတို့တွင် COVID-19 ရောဂါ ဒုတိယလှိုင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွား စေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို မီးသတ်ဦးစီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_aug2020

Sign Up

Upcoming Events